စမ်းသပ်ခြင်း
၂၀၁၀ပြည့်နှစ်၊ဩဂုတ်လ ၁၄ ရက် မှ ၂၆ ရက်အထိစင်ကာပူနိုင်ငံတွင်ကျင်းပမည့် ပထမအကြိမ်လူငယ် အိုလံပစ်ပြိုင်ပွဲ သို့မြန်မာနိုင်ငံ မှကစားသမားလေးဦး စေလွှတ်ယှဉ်ပြိုင်စေ မှာဖြစ်ကြောင်း မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင် က ပြောကြားသည်။
အမျိုးသမီး ၄၈ ကီလိုအလေးမ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် ၁၆ နှစ်အရွယ် ကေခိုင်က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ အိုလံပစ် ကော်မတီထံမှ အတည်ပြုချက်ရရှိထား ပြီးဖြစ်ကြောင်းသိရသည်။
"ကေခိုင်ဟာ ၂၀၀၉ ခုနှစ်၊မေလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာကျင်းပတဲ့ ကမ္ဘာ့ လူငယ်အလေးမပြိုင်ပွဲ၊ ၄၄ ကီလိုတန်း မှာအဆင့်(၈) ရရှိခဲ့ သူတစ်ယောက်ပါ။ကျွန်တော်တို့သူ့ကိုမတ်လ ၁ ရက်နေ့ကတည်းက စခန်းသွင်းလေ့ကျင့်ပေးထားပါတယ်။ကမ္ဘာ့အဆင့်ဖြစ်တာကြောင့် ဆုရရှိနိုင်ဖို့ မသေချာပေမယ့် အဆင့် ၄၊ ၅ အတွင်းတော့ဝင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ" ဟု မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် အတွင်း ရေးမှူးဦးမြင့်ဆွေကပြောသည်။
အမျိုးသားမီတာ ၇၀ မြားပစ်ပြိုင်ပွဲ တွင် အသက် ၁၆ နှစ်အရွယ် အောင်မျိုးသူ ၀င်ရောက်ယှဉ်ပြိုင်မည်။
"အောင်မျိုးသူက နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံအနေနဲ့ ၂၅ ကြိမ်မြောက် လာအိုဆီးဂိမ်းပြိုင်ပွဲတစ်ပွဲပဲဝင်ရောက် ယှဉ်ပြိုင်ဖူးသေးပါ တယ်။ အဲဒီပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့ပြီး မြန်မာ့မြားပစ် လောကအတွက် အလားအလာကောင်း တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှတာဝန် ရှိသူတစ်ဦးကပြောသည်။
အမျိုးသမီးမီတာ ၈၀၀ အပြေးတွင် ဆွေလီမြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
"ဆွေလီမြင့်ကမနှစ်ကစင်ကာပူမှာ ကျင်းပတဲ့အာရှလူငယ်ပြိုင်ပွဲ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲမှာ တတိယရရှိထား သူတစ်ဦးပါ။သူ့ကိုမနှစ် ကတည်းကကျွန်တော်တို့ စခန်းသွင်းလေ့ကျင့်ပေးထားခဲ့ပါတယ်။ ပြိုင်ပွဲမှာဆုရဖို့ထက်သူ့ရဲ့တစ်ဦးချင်းအရည်အသွေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ရွေးချယ်ထားတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးမြသန်းထိုက်က ပြောသည်။
အမျိုးသား ၄၈-၅၅ ကီလိုတန်း တိုက်ကွမ်ဒိုပြိုင်ပွဲတွင် နိုင်သွေးရှိန် (၁၇ နှစ်) ယှဉ်ပြိုင်မည်ဖြစ်သည်။
"နိုင်သွေးရှိန်ကအပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးပါဘူး။ဒါပေမယ့် သူကအလားအလာရှိတဲ့ကစား သမား တစ်ဦးဖြစ်တာ ကြောင့်စေလွှတ်ယှဉ်ပြိုင်ဖို့ ကျွန်တော် တို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်"ဟု မြန်မာ နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သန်းဦးကပြောသည်။
"အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော် မတီက မြန်မာနိုင်ငံအနေနဲ့လက်ရည် စစ်ပြိုင်ပွဲဝင်စရာမလိုဘဲ ယှဉ်ပြိုင်လို့ရ တဲ့ အားကစားနည်း တွေအဖြစ်မြန်မာ နိုင်ငံအတွက် ဒီကစားနည်းလေးမျိုးကို ရွေးချယ်ပေးတာဖြစ်ပါတယ်။ လူငယ် ပြိုင်ပွဲဆိုပေမယ့် သူ့ရဲ့သတ်မှတ်စည်း ကမ်းတွေက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ ပုံစံမျိုး ပြုလုပ်ထားတာပါ။ ပြိုင်ပွဲမှာ အနိုင်ရတာ၊ မရတာဆိုတာမျိုးထက် ပြိုင်ပွဲအတွေ့အကြုံရရှိဖို့ အဓိက ရည်ရွယ်စေလွှတ်မှာ ဖြစ်ပါတယ်" ဟု ဦးခင် မောင်လွင်ကပြောသည်။
အဆိုပါ ပြိုင်ပွဲသို့အသက် ၁၄ နှစ်နှင့် ၁၈ နှစ်ကြား လူငယ်ကစားသမားများ က အားကစားနည်း ၂၆ မျိုးတို့တွင်ဝင် ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်၊ စင်ကာပူလူငယ်အိုလံပစ်ပွဲသို့ နိုင်ငံပေါင်း ၂၀၅ နိုင်ငံမှ အားကစားသမားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ် ၅,၀၀၀ခန့်၊သတင်း မီဒီယာမှ ၁,၂၀၀၊ ပြည်တွင်းနှင့် အပြည်ပြည် ဆိုင်ရာစေတနာ့ဝန်ထမ်း ၂၀,၀၀၀ ခန့် ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။
0 comments:
Post a Comment